“ လမ်းပြ နှင့် တာဝန် ”
ဘုရားရှင်သည်
လမ်းပျောက်နေသော ကျွန်ုပ်တို့အတွက်
လမ်းမှန်ပေါ်ရောက်အောင်
ပို့ဆောင်ပေးတတ်သော
လမ်းပြသခင်ပါ…။
ရေစုန်မျှောနေသော
ကျွန်ုပ်တို့အတွက်
ရေဆန်တက်ဖို့
လမ်းပြသခင်ပါ….။
ချောက်ကမ်းပါးသို့
ပြုတ်ကျဆဲဖြစ်နေတဲ့
ကျွန်ုပ်တို့အတွက်
ဆွဲထုတ်ကယ်တင်ရှင်
လမ်းပြသခင်ပါ…။
အမိုက်တောထဲမှာ တ၀ဲလည်လည်ဖြစ်နေတဲ့
ကျွန်ုပ်တို့အတွက်
ဆီမီးကို ထွန်းပြပေးတဲ့
လမ်းပြသခင်ပါ….။
လမ်းပြသခင် ဘုရားရှင်ဟာ
လမ်းကိုပဲ ပြပါတယ်…
လျှောက်လှမ်းရမှာက
ကျွန်ုပ်တို့ တာဝန်…။
လမ်းလျှောက်ရင်း လမ်းမပျောက်အောင်
ထိန်းသိမ်းစောင့်ရှောက်ရမှာကလည်း
ကျွန်ုပ်တို့ တာဝန်…။
တာဝန်သိပြီး
တာဝန်တွေ အဖိမခံရအောင်
သတိထားဖို့ကလည်း
ကျွန်ုပ်တို့ တာဝန်….။
တာဝန်တွေ ကျေဖို့အတွက်
ဝန်တာ(၀န်ထုပ်ဝန်ပိုး)တွေကို
လျော့ချဖို့ကလည်း
ကျွန်ုပ်တို့ တာဝန်…။
ဝန်တာ လျော့မှ
ဝန်တာ ပေါ့မှာ...။
ဝန်တာ ပေါ့မှ
အထက်တက်မှာ..။
အထက်ရောက်မှ
ချမ်းသာစစ် ချမ်းသာမှန်နဲ့ တွေ့မှာ..။
ချမ်းသာစစ် ချမ်းသာမှန်နဲ့ တွေ့မှ
ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းမှာ..။
ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းပြီဆိုရင်
အေးငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ရောက်ပြီ….။
သုခီ အတ္တာနံ ပရိဟရန္တု
(မိမိတို့ ရရှိထားသောခန္ဓာဝန်ထုပ်ဝန်ပိုးကို ချမ်းသာစွာ သယ်ပိုးရွတ်ဆောင်နိုင်ကြပါစေ)
မောင်သန့်စင် (အညတရသာကိယ)
Popular Posts
-
ပထမမြန်မာနိုင်ငံတည် အနော်ရထာမင်းကြီး ခမည်းတော် ကြောင်ဖြူမင်းနှင့် မယ်တော်မြောက်နန်းမိဖုရားတို့မှ မြန်မာသက္ကရာဇ် ၃၇၆-ခုနှစ်တွင် ဖွားမြင်သည...
-
ရှေးဦးစွာ ဣနြေ္ဒငါးပါးကို သိထားသင့်ပါသည်။ ဣနြေ္ဒငါးပါးတို့မှာ…… ၁။ သဒ္ဓိနြေ္ဒ = သဒ္ဓါတရားသည်ပင် လွန်ကဲသော အစိုးရသည်၏အဖြစ်ကို ပြုတတ်သောတရား ၂။ ...
-
- ဖုဿမထေရ်၏ မိန့်ကြားချက် - ဤဖုဿမထေရ်သည် ရှေးဘုရားရှင်တို့ထံမှာ ပါရမီဖြည့်လာခဲ့သူ ဖြစ်သည်။ ဖြစ်ရာဘ၀မှာ နိဗ္ဗာန်ကို ရည်မှန်း၍ ကုသိုလ်ကောင်းမှု...
-
သဒ္ဓမ္မသုံးဖြာ သာသနာ ဂေါတမဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် နှစ်လပြည့်မြောက်သည့် ၀ါဆိုလပြည့် စနေနေ့ နံနက်စောစောတွင်...
-
“ သီရိလင်္ကာသာသနာ” အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်၏ တပည့်အရှင်မဟာမဟိန္ဒသည် သာသနာနှစ် (၂၃၆)တွင် လင်္ကာဒီပသီဟိုဠ်ကျွန်းသို့ ကြွရောက်၍ ဒေ၀ါနံပိယတိဿမင်း...
-
(ဓမ္မဒဿန = အတွေးအမြင်) လူသည် စွမ်းအားရှင်ဖြစ်သကဲ့သို့ လက်ညှိုးထိုး ညွှန်ပြတတ်သူ လည်းဖြစ်၏။ လက်ညှိုးသည် မိမိကိုယ်ကို ထိုးညွှန်သော လက်ညှိုးနှင့်...
-
ပဋိစ္စသမုပ္ပါဒ်တေးထပ် ငြိမ်းချမ်းရာရှိပါလျက်ကယ်နှင့် မသိတာအတွက် နာတယ် မရှိတာမက်၍ သံသရာအလယ်မှာ ခံရှာဘွယ် မတုန်း... ဒိဋ္ဌိ နှင့် တဏှာနှောင်လျှင...
-
“ရှေးခေတ်ဟောင်း အောက်မေ့ဘွယ်” ရှေးရွှေနန်း, မျှော်မှန်း၍ လွမ်းရန် ကျုံးသုံးတန် ရစ်ကာဆီး, ကြီးမြင့်ခဲ့ဟန်.. ခုတော့ဖြင့် မစုံပြန်, ပုံဟန်ပ ကျန်...
-
၁။ လှိုင်းတံပိုးသည် မြစ်ပင်လယ်၌ ရှိသည်။ ၂။ လောကဓံတရားသည် လောက၌ ရှိသည်။ ၃။ မြစ်ပင်လယ်အတွင်း၌ လှိုင်းတွေ့ရသည်မှာဆန်းသောအရာမဟုတ်။ ၄။ လောကအတွ...
-
မြတ်စွာဘုရား၏ ၃၂ ပါးသော လက္ခဏာတော်များ ရရှိကြောင်း ရှေးကောင်းမှုကုသိုလ်ကံများ ၁။ ဖ၀ါးတော် ညီညာခြင်းအကြောင်း လင်္ကာ(၁) ။ ။ ဘ၀ထိုထို၊ ရှေးအဟ...
0 comments:
Post a Comment