လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ...၊ ဆင်းရဲလိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ...၊ မနာလိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ..
Thursday, December 1, 2011
ပဋိစ္စသမုပ္ပါဒ်တေးထပ်
ပဋိစ္စသမုပ္ပါဒ်တေးထပ်
ငြိမ်းချမ်းရာရှိပါလျက်ကယ်နှင့်
မသိတာအတွက် နာတယ်
မရှိတာမက်၍ သံသရာအလယ်မှာ
ခံရှာဘွယ် မတုန်း...
ဒိဋ္ဌိ နှင့် တဏှာနှောင်လျှင်
ပါစင်အောင် လွဲလို့မဆုံး...
ကြောင်းအစ ဟိတ်ကို ရှာသော်
အ၀ိဇ္ဇာပိတ်ဖုံး...
မသိတာတစ်လုံးနဲ့ လည်အုံးမည့်သံသရာ
စက်ပမာ သဘောဆရင်ဖြင့်
သုံးကာလ ဆယ့်နှစ်အင်္ဂါ
သုံးအစပ် လေးအလွှာကို
ဝဋ်သုံးဖြာ ဒွေးမူလရယ်နှင့်
တေးဘူမက ခြင်းရာနှစ်ဆယ်
ဖြစ်ကြ အသွယ်သွယ်...
ငြိမ်းချမ်းရာနယ်ဟာ နိဗ္ဗာန်ကွဲ့လေး......။
0 comments:
Post a Comment
Related Posts Plugin for WordPress, Blogger...
Popular Posts