၁။ လှိုင်းတံပိုးသည် မြစ်ပင်လယ်၌ ရှိသည်။
၂။ လောကဓံတရားသည် လောက၌ ရှိသည်။
၃။ မြစ်ပင်လယ်အတွင်း၌ လှိုင်းတွေ့ရသည်မှာဆန်းသောအရာမဟုတ်။
၎။ လောကအတွင်း၌ လောကဓံတွေ့ရသည်မှာဆန်းသောအရာမဟုတ်။
၅။ မြစ်ပင်လယ်၌ နစ်လျှင် လှိုင်းဖိခြင်းကို ခံရမည်။
၆။ လှိုင်းဖိလျှင် အောင်မြင်သည် မအောင်မြင်သည် အပထား၊
ကူးခတ်ရမည့်ဝတ္တရားရှိသည်။
၇။ လောကအတွင်း၌ဖြစ်လျှင် လောကဓံဖိခြင်းကို ခံရမည်။
၈။ လောကဓံဖိလျှင် တွန်းလှန်ရမည့်ဝတ္တရားရှိသည်။
၉။ ဣဋ္ဌလောကဓံနှင့်တွေ့လျှင် တက်ကြွသောစိတ်ကို တွန်းလှန်ရမည်။
၁၀။ အနိဋ္ဌလောကဓံနှင့်တွေ့လျှင် နိမ့်ကျသောစိတ်ကို တွန်းလှန်ရမည်။
၁၁။ ဣဋ္ဌနှင့်ချည်းအမြဲမတွေ့ ၊ အနိဋ္ဌနှင့်လည်း တွေ့ရဦးမည်။
၁၂။ အနိဋ္ဌနှင့်ချည်းအမြဲမတွေ့၊ ဣဋ္ဌနှင့်လည်း တွေ့ရဦးမည်။
၁၃။ သစ်ရိပ်ကြိုကြား လမ်းလျှောက်သွားသူကို နမူနာထား။
၁၄။ အရိပ်အောက်ရောက်လျှင် နေပူသို့ ထွက်ရဦးမည်ဟု သိသည်။
၁၅။ နေပူ၌ သွားနေခိုက်လည်း အရိပ်အောက်ရောက်ဦးမည်ဟု သိသည်။
၁၆။ ဤသို့သိလျှင် ဣဋ္ဌလောကဓံနှင့်တွေ့သော်လည်း မတက်ကြွ။
၁၇။ အနိဋ္ဌလောကဓံနှင့်ကြုံသ်ာလည်း မနိမ့်ကျ။
၁၈။ သဘာဝအမှန်ကို ဥာဏ်ဖြင့် သိသည်။
၁၉။ အသိဦးဆောင်သောအလုပ်သာ "အလုပ်မှန်" ဖြစ်သည်။
၂၀။ အလုပ်မှန်မှ မှန်ကန်သောအကျိုးကို ရသည်။
၂၁။ အလုပ်. အကျိုး နှစ်မျိုးမှန်လျှင် သံသရာဝဋ်မှ လွတ်မည်။
(ညောင်တုန်း ရွှေဟင်္သာတောရဆရာတော်ဘုရားကြီး)
0 comments:
Post a Comment