လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ...၊ ဆင်းရဲလိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ...၊ မနာလိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ..

Sunday, November 13, 2011

ဓမ္မဂီတိ

ဓမ္မသံဝေ ယူသင့်ပေ
  •  သေခြင်းဆိုတဲ့ ဘာဝနာတရားကိုလ
အခါခါပွားကြ ၊ ပေါင်းမိတ်ဆွေ..
နေ့မြင်တာ ညမှာပျောက်တယ်
ကြောက်ရခေတ်ပေ..
မျက်မြင်တွေ တွက်ရေလို့ မဆုံး
ဒါကြောင့်ပင်
မကောင်းရှောင်ကြဉ်လို့
ကောင်းအောင်သင် တမလွန်ရေးကို
တွေးကြည့်လိုက်အုံး..။

  •  ပျော်အပါးတွေနဲ့
မော်ကြွားလို့ အချိန်ကုန်
ဒုစရိုက်မှု မိုက်အားသွန်ကြိုးတယ်
ဆိုးတဲ့ဖြစ်ပုံ
ကာမဂုဏ် အာရုံနောက်အလိုက်မှား
သေမင်းလာ
ခြွေခွင်းရာ ထိုချိန်ဆိုက်ကာမှ
သင်မိုက်တာ ပြင်မရနိုင်ဘူး
နောင်တတွေပွား..။

 
  •  နေ့စဉ်ပင် ကိုးဒွါရ

ယိုစီးကျ အပုပ်တွေ

သင့်ခန္ဓာ သည်အထုပ်ဟာ

စက်ဆုပ်စရာပေ….

တွေး….ကြည့်လေ

အသေနဲ့ တယ်မထူး

အသုဘာ တခြားဘယ်မရှာနဲ့

ကိုယ့်ခန္ဓာ သက်သေပြတယ်

သုံးမကျဘူး…။

  • အသုံးမကျတဲ့ ဒီခန္ဓာ

များသူငါ လွန်စုံမက်တယ်

မှားချက်က နာ

အမှန်မှာ

နှစ်ဖြာကွဲ့ ရုပ်နာမ်တရား

ဥပါဒ် ဌီ ဘင်နဲ့

မြဲနေ့စဉ် ဖြစ် တည် ပျက်ဟာမို့

နှစ်သက်ဖွယ် ဘာမရှိတယ်

တွေးမိရဲ့လား…။
(ဆရာတော်ဘဒ္ဒန္တသုမနာဘိဝံသ၊ မစိုးရိမ်)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Popular Posts