လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ...၊ ဆင်းရဲလိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ...၊ မနာလိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ..

Friday, November 11, 2011

ကျောင်းနံရံက လွမ်းမောဘွယ်ရာ တေးကဗျာများ

“ရှေးခေတ်ဟောင်း အောက်မေ့ဘွယ်”
ရှေးရွှေနန်း, မျှော်မှန်း၍ လွမ်းရန်
ကျုံးသုံးတန် ရစ်ကာဆီး, ကြီးမြင့်ခဲ့ဟန်..
ခုတော့ဖြင့် မစုံပြန်, ပုံဟန်ပ ကျန်တော့..
မြင်ရလျှင် ရှေးရွှေနန်းကို, မှန်းမိပါပေါ့….။

“သည်ရွာနှင့် သည်ရေ”
ဝသန်တွင်း ထန်ပြင်းပါတဲ့ ရေအလျင်…
ကမ်းထိပ်စံ, အိမ်ပြင်ဦးဆီသို့,
ရေ၀သန် စွေထန်ကျူး, မြူးတက်မဲ့ပြင်..
စိန်ပန်းက နီလွင်, ရေပြင်နဲ့ တမျိုး..
ရေသားက မှန်သွင်, ကြည်လင်၍ မောက်ဖြိုး..
ရှုရင်း ကြည့်စရာပ, သည်ရွာမှာ သည်ရေမြူးတော့
ရေအလျင် ပွေအင်ထူးတယ်….ကွယ်
နူးညွတ်ဘွယ်တိုး…။


 
“ဘိုးဘွား အမွေ”
အသက်သွေးတည့်, ယဉ်ကျေးမှု ဖော်
ဒို့နန်းတော်ကား, မလျော်ညစ်ဆိုး, စစ်အကျိုးကြောင့်
မြို့ရိုးသာလျှင် ကြွင်းတော့သည်…။

 
“ရေခရီးဝယ်…”
မြစ်ဧရာ, နာဝါက ဆန်တော့
ခရီးသည် လူမွဲကုန်သည်တို့
အစုန်မှီ ကြံရွယ်မှန်း, ကမ်းကသာ မော့..။

 
“ကမ်းသာယာ”
ဝင်းလဲ့ရောင်ခြည်, ဆင်နွဲ့ပြောင်ကြည်တော့, တောင်တော်ဆီမှန်း..
တမျိုးငယ်မှီ, ပုထိုး မွေသရီနှင့်, ရေနဒီ ကမ်းသာဘေးဆီမှ
ကြည်စဖွယ်, သည်နှယ်တွေးရာကကွယ်…ဆွေးစိတ်တွေသန်း…။

 
“ရွှေသမင်နှင့် ရေပြင်”
မြစ်ဝှမ်းနဲ့ ရဂုံ
တောင်မှိုင်းဖီလာနဲ့
ရီပြာပြာ နဒီဆီးတယ်
ငြီးဘွဲ့မကြုံ..
မိုးတိမ်ရောင် နီအသွေးရယ်နဲ့
မှေးမှိန်မှိန့် ပြာမှုန်
စုံပါဘိ ရှုခင်း…
သမင်ငယ် ဖိုမဤနှစ်သွယ်တို့
နဒီဝယ် မျှော်ကာငေးတယ်
ဆွေးဘွဲ့မြိုင်တွင်း….။



“ဆည်းဈာချိန်”
တရှဉ်းရှင်, ကွင်းပြင်ကို, ဖြတ်မောင်း၍
မြစ်ချောင်း ကဘယံ၌, အကြံငယ်ထူး…
ကူးမည့်ကြံ, ဤလှည်းပုံဟန်နှင့်
စုန်အလျှံ ရေလျင်ပြင်းတယ်…
ဆင်း၍ ဖြစ်ဘူး…..။
--------------------------------------------------------------------------
ရေးသားသူ အမည်ကား ဖော်ပြမထားပါ။
ကျောင်းနံရံမှာ ချိတ်ဆွဲထားသည့်အချိန်သည်ကား ကြာညောင်းလှချေပြီ။
ကျေးဇူးတင်စွာဖြင့် မောင်သန့်စင်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Popular Posts